၁၈ မတ်

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရေရရှိရေးနှင့် ရေပေးဝေရေးလုပ်ငန်း တာဝန်ခံအဖွဲ့ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)မှ ရန်ကုန်မြို့တွင်းသို့ ရေပေးဝေလျှက်ရှိသော ရေကူးရေတွန်း စက်ရုံတွင် ရေတွန်းစက်နှင့် လျှပ်စစ်ပိုင်းဆိုင်ရာ စစ်ဆေးပြုပြင်ခြင်းလုပ်ငန်းများနှင့် ငမိုးရိပ်ရေသန့်စက်ရုံ (ညောင်နှစ်ပင်)၏  ပထမအဆင့် ရေပိုက်လိုင်းများ အစားထိုးလဲလှယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရန် ရေပေးဝခြင်းလုပ်ငန်းကို ခေတ္တရပ်ဆိုင်းရမည်ဖြစ်ပါသည်။ 

သို့ဖြစ်ပါ၍ အဆိုပါလုပ်ငန်းများဆောင်ရွက်စဉ်  မတ်လ ၂၂ ရက် နံနက် (၁၀:ဝ၀)နာရီမှ ည(၈:ဝ၀)နာရီအတွင်း မင်္ဂလာဒုံ၊ မရမ်းကုန်း၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ရန်ကင်း၊ ဗဟန်း၊ တာမွေ၊ သာကေတ၊ ဒေါပုံ၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ကမာရွတ်၊ အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်းမြို့နယ်များရှိ ရပ်ကွက်များတွင် ရေအားလျော့နည်းခြင်းနှင့် ခေတ္တရေပြတ်တောက်ခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ရေကြိုတင် စုဆောင်းနိုင်ကြပါရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) ရေရရှိရေးနှင့် ရေပေးဝေရေးလုပ်ငန်းတာဝန်ခံအဖွဲ့မှ  အသိပေးကြေညာထားကြောင်း သိရသည်။

(သတင်းစဉ်)