နေပြည်တော်  ၁၈  မတ် 

 

၂၀၁၉ ခုနှစ် တောင်ကြီးမြို့၏ မော်တော်ဆိုင်ကယ် အလှပြပြိုင်ပွဲနှင့် ပြပွဲကို တောင်ကြီးမြို့ ၄ မိုင်ရှိ တောင်ကြီးစီးပွားရေးစင်တာ(Taunggyi Business Centre-TBC) ၌ မတ်လ ၂၃ ရက်နှင့် ၂၄ ရက်များတွင် ညနေ ၃ နာရီမှ ၉ နာရီထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

ယခုပွဲကျင်းပရခြင်းရည်ရွယ်ချက်နှင့် စပ်လျဉ်း၍ ပွဲစီစဉ်သူ ကိုဇေကိုက “ဆိုင်ကယ်စီးလူငယ်တွေအတွက်ရည်ရွယ်ပြီး လုပ်တဲ့ပွဲဖြစ်ပါတယ်။ biker အဆက်ဆက်ကလုပ်ခဲ့တဲ့ အပြုအမူတွေရှိတယ်။ ဆိုင်ကယ်တစ်စီးစီးမယ် ဆိုရင် စည်းကမ်းနဲ့အညီစီးရမယ်။ ဒူးကာပါရမယ်၊ လက်အိတ်ပါရမယ်၊ ဦးထုပ်ပါရမယ် အစရှိသဖြင့်ပေါ့ ဒီလိုမျိုးတွေကို ကျွန်တော်တို့က မက်ဆေ့ပေးချင်တဲ့အတွက် လုပ်တာဖြစ်တယ်။ နောက်တစ်ခုက လက်ရှိ custom နဲ့ပတ်သက်တဲ့ပွဲမျိုး၊ မြန်မာလူငယ်တွေအနေနဲ့ ဒါမျိုးတွေလုပ်နိုင်တယ်ဆိုတာကို ပြချင်တာ။ ဆိုင်ကယ် creation လုပ်တဲ့အပိုင်းမှာ ပိုပြီးတော့ စိတ်ဝင် စားမှုရှိလာအောင်နဲ့ ဦးထုပ်ဆောင်းရင် ဘယ်လိုမျိုးပုံစံနဲ့ ဆောင်းလို့ရလဲဆိုတာ မျိုး၊ ပြောချင်တာက ဦးထုပ်ကို ဒီအတိုင်းပလိုင်းကြီးမဟုတ်ပဲနဲ့ ဒီဇိုင်းတွေနဲ့ဆင်ထား တဲ့ဟာမျိုးတွေပေါ့။ လူငယ်တွေအနေနဲ့ သူတို့ရဲ့အနုပညာတွေကို ဖော်ထုတ်ခွင့်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့အခုပွဲလုပ်တာပါ” ဟု ပြောသည်။

 

(ဟန်လင်းနိုင်)  

 

T G B