ဒီဇင်ဘာ ၈
ထိုင်းတပ်မတော်က အငြင်းပွားနေသော နယ်စပ်တစ်လျှောက်ရှိ ကမ္ဘောဒီးယားစစ်ရေးပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
အဆိုပါတိုက်ခိုက်မှုများသည် ကမ္ဘောဒီးယားတိုက်ခိုက်မှုများကို တုံ့ပြန်ခြင်းဖြစ်သည်ဟု ထိုင်းဘက်ကဆိုသည်။
ထိုင်းဘက်က တိုက်ခိုက်မှုများ စတင်ခဲ့သော်လည်း တန်ပြန်တိုက်ခိုက်မှုများ မပြုလုပ်ခဲ့ကြောင်း ကမ္ဘောဒီးယားက ပြောကြားခဲ့သည်။
မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ထိုင်းတပ်ဖွဲ့ဝင်များ ဒဏ်ရာရရှိပြီးနောက် ကမ္ဘောဒီးယားနှင့် ငြိမ်းချမ်းရေးသဘောတူညီချက် အကောင်အထည်ဖော်မှုကို ရပ်ဆိုင်းထားကြောင်း ထိုင်းအစိုးရက နိုဝင်ဘာလတွင် ပြောကြားခဲ့သည်။
ဇူလိုင်လက နယ်စပ်တစ်လျှောက် ရက်ပေါင်းများစွာ ပြင်းထန်သော ပဋိပက္ခများ ဖြစ်ပွားပြီးနောက် နှစ်နိုင်ငံ ငြိမ်းချမ်းရေးသဘောတူညီချက်ကို အောက်တိုဘာလတွင် လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


