ချန်ကရပူရီ ၁၉ မတ်
ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံနယ်စပ် ထိုင်းနိုင်ငံ၊ ချန်ကရပူရီခရိုင်၊ ချန်ကရပူရီမြို့၊ (၉) ရပ်ကွက်၊ ရှမ်းကုန်းအပိုင်း၊ ပုလိပ်ကုန်းအရှေ့၊ အိမ်အမှတ် (၂၀)ရှိ ပေ (၅၀x၅၀) ၊ RC (၂)ထပ်၊ (၄)ခန်းတွဲ အောက်ထပ်ဈေးဆိုင်ခန်းတွင် မတ် ၁၈ ရက် ည ၁၀ နာရီ မိနစ် ၅၀ ခန့်က ဖယောင်းတိုင်မီး ထွန်းထားရာမှ ဖယောင်းတိုင်မီးလဲကျပြီး မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူ နယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ ထိုင်းနိုင်ငံမှ မီးသတ်ယာဉ်(၁)စီး၊ စုစုပေါင်း မီးသတ်ယာဉ်(၄)စီး၊ သန္ဓေ (၆) ဦးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ မတ် ၁၉ ရက် နံနက် ဝ၀ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

မီးလောင်မှု ဖြစ်ပွားရာသည် ထိုင်းနိုင်ငံအပိုင်တွင်း ဖြစ်ပွားခြင်းဖြစ်ပြီး မြန်မာနိုင်ငံဘက်မှ သွားရောက်ကူညီ မီးငြှိမ်းသတ်ခြင်း ဆောင်ရွက်ခဲ့ပါကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သတင်းရရှိသည်။
MDN