မင်းလှ ၁၉ မတ်
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မင်းလှမြို့ အမှတ်(၂)ရပ်ကွက်၊ ရထားလမ်းဘေးရှိ စိမ်းလန်း စိုပြည်ရေး ရေကန်အတွင်း၌ မတ်လ ၁၈ ရက် မွန်းလွဲပိုင်းက ငါးစာဆင်းကျွေးရာမှ ငါးနှစ်ခွဲ ကလေးငယ်တစ်ဦး ရေနစ်သေဆုံးမူ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ရပ်သို့ မင်းလှမြို့မရဲစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ သွားရောက်စစ်ဆေးခဲ့ရာ ရေနစ်သေဆုံးသူမှာ ဇီးကုန်းမြို့၊ သဖန်းကုန်းအုပ်စု၊ ဘော်ပင်ရွှာနေ အဖ ဦးစိုးသန်း၏သား မောင်အောင်အောင်ဦး အသက် (၅) နှစ်(၆) လသည် အလျားပေ ၂၇၀ ၊ အနံ ပေ ၆၀ ရေအနက် ၇ ပေရှိ စိမ်းလန်းစိုပြည်ရေး ကန်အတွင်း ငါးစာဆင်းကျွေးရာမှ ရေနစ်သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။
ပေါက်စ မင်းလှ