ကွာလာလမ်ပူ ဒီဇင်ဘာ ၂၈

မလေးရှားနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍသည် ယမန်နှစ်အတွင်းက တိုးတက်မှု ၃ ဒသမ ၁ ရာခိုင်နှုန်းရှိခဲ့ကြောင်း  တရားဝင်အချက်အလက်များအရ သိရသည်။

စိုက်ပျိုးရေးကဏ္ဍတိုးတက်မှုကို အကူအညီပေးသည့် ကဏ္ဍမှာ စားအုန်းဆီထုတ်လုပ်မှုကဏ္ဍဖြစ်ပြီး ၎င်းကဏ္ဍတွင် တိုးတက်မှု ၅ ဒသမ ၁ ရာခိုင်နှုန်းရှိခဲ့ကြောင်း မလေးရှားနိုင်ငံ စာရင်းစစ်ဌာန ထုတ်ပြန်ချက်အရ သိရ သည်။ .

နိုင်ငံ၏ စားအုန်းဆီထုတ်လုပ်ရေးကဏ္ဍမှ ဝင်ငွေ ရင်းဂစ် ၃ ဒသမ ၈၁ ဘီလီယံ၊ အခြားသီးနှံ များစိုက်ပျိုးထုတ်လုပ်မှုမှ ဝင်‌ငွေ ၂၉ ဒသမ ၇ ဘီလီယံနှင့် မွေးမြူရေးကဏ္ဍမှ  ဝင်ငွေ ၁၇ ဒသမ ၄ ဘီလီယံရရှိခဲ့သည်။  စိုက်ပျိုးရေးကဏ္ဍသည် ပြည်တွင်းစားရေရိက္ခာဖူလုံရေးအတွက် အကူအညီပေးနေပြီး နိုင်ငံ့ဝင်ငွေရရှိရေးဆောင်ရွက်နေကြောင်း ၎င်းဌာနထုတ်ပြန် ချက်အရ သိရသည်။

နိုင်ငံ၏   စိုက်ပျိုးရေးထုတ်ကုန်များမှ ရရှိသည့်ဝင်ငွေသည် ၂၀၂၃ ခုနှစ်တွင် ရင်းဂစ် ၁၆၀ ဒသမ ၇ ဘီလီယံရှိခဲ့ရာမှ ၂၀၂၄ ခုနှစ်တွင် ရင်းဂစ် ၁၇၉ ဒသမ ၂ ဘီလီယံရှိခဲ့ကြောင်း သိရသည်။  ပြည်တွင်း သွင်းကုန်တန်ဖိုးသည် ၂၀၂၃ ခုနှစ်တွင် ၁၃၅ ဒသမ ၄ ဘီလီယံရှိခဲ့ရာမှ ၂၀၂၄ ခုနှစ်တွင် ၁၅၄ ဒသမ ၄ ဘီလီယံသို့ ရောက်ရှိခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-စိုးသူရ