ရန်ကုန် ဒီဇင်ဘာ ၂၈
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း(၁)ကို ယနေ့နံနက် ၆ နာရီတွင် ရွေးကောက်ပွဲကျင်းပရန် ကြေညာထားသည့် ရန်ကုန်တိုင်းဒေသကြီး မြို့နယ်များရှိ သတ်မှတ်မဲရုံများ၌ ကျင်းပလျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် မိသားစုဝင်များသည် မဲဆန္ဒရှင်ပြည်သူများနှင့်အတူ မရမ်းကုန်းမြို့နယ် အမှတ်(၅)ရပ်ကွက် ရှိ မဲရုံအမှတ်(၈)၌ မိမိတို့ကြိုက်နှစ်သက်ရာ ကိုယ်စားလှယ်လောင်းများကို မဲရုံစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆန္ဒမဲပေးရွေးချယ်ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် ကမာရွတ်မြို့နယ်အတွင်း အမှတ်(၈)ရပ်ကွက် အမှတ်(၇) အခြေခံပညာမူလ တန်းကျောင်းရှိ မဲရုံအမှတ်(၃)နှင့် အမှတ်(၄)၊ အမှတ် (၇)ရပ်ကွက် ရွှေကိန္နရီအိမ်ရာရှိ မဲရုံအမှတ်(၂)၊ အမှတ်(၇)ရပ်ကွက် အမှတ်(၁၄)အခြေခံပညာ မူလတန်းကျောင်းရှိ မဲရုံအမှတ်(၃)၊ မရမ်းကုန်း မြို့နယ် အမှတ်(၆)ရပ်ကွက် အမှတ်(၂၁)အခြေခံပညာ မူလတန်းကျောင်းရှိ မဲရုံအမှတ်(၁)နှင့် အမှတ်(၂)၊ အမှတ်(၇)ရပ်ကွက် ရန်ကုန်တိုင်းစစ်ဌာနချုပ် အနော်ရထာခန်းမရှိ မဲရုံအမှတ်(၄)နှင့် အမှတ်(၅)၊ သင်္ဃန်းကျွန်းမြို့နယ် အမှတ်(၂၅)ရပ်ကွက် အထက(သုဝဏ္ဏ)ရှိ မဲရုံအမှတ်(၁)နှင့် အမှတ်(၂)၊ (င/က)ရပ်ကွက် လေ့ကျင့်ရေးအထက်တန်းကျောင်းရှိ မဲရုံ(၂)၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် အမှတ်(၂၅)ရပ်ကွက် ပုညကုသလဓမ္မာရုံရှိ မဲရုံအမှတ်(၁)၊ အမှတ် (၂၅)ရပ်ကွက် အခြေခံပညာမူလတန်းကျောင်းရှိ မဲရုံအမှတ်(၂)၊ အမှတ်(၃)နှင့် အမှတ်(၄)၊ အမှတ်(၂၁) ရပ်ကွက်အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းရှိ မဲရုံအမှတ်(၂)နှင့် အမှတ်(၃)၊ သန်လျင်မြို့နယ် ဘုရားကုန်းကျေးရွာအုပ်စု ကွမ်းခြံကုန်း ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းရှိ မဲရုံအမှတ်(၅)နှင့် အမှတ်(၆)၊ ညောင်သုံးပင်ကျေးရွာ အုပ်စု University of Co-operative and Management ၊ ဥတ္တရပရဝဏ်ရှိ မဲရုံအမှတ်(၁)၊ အမှတ်(၂)နှင့် အမှတ်(၃)၊ ဗိုလ်တထောင်မြို့နယ် အမှတ်(၄)ရပ်ကွက် အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီ ကောလိပ်ရှိ မဲရုံအမှတ်(၂)၊ ကျောက်တံတားမြို့နယ် အမှတ်(၁)ရပ်ကွက် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းရှိ မဲရုံအမှတ်(၁)တို့တွင် မဲဆန္ဒရှင်ပြည်သူများက မိမိတို့ကြိုက်နှစ်သက်ရာ ကိုယ်စားလှယ်လောင်းများအား မဲရုံစည်းမျဉ်း စည်းကမ်းများနှင့်အညီ လွတ်လပ်စွာ ဆန္ဒမဲပေးနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)


