မုံရွာ ဒီဇင်ဘာ ၂၈

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်သိန်းသည် တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့ရှိ မဲရုံများ၌ မဲဆန္ဒရှင်ဒေသခံပြည်သူများ ဆန္ဒမဲပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

ရင်းရင်းနှီးနှီးတွေ့ဆုံ

ဦးစွာ ​ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်သည် မုံရွာတက္ကသိုလ်အတွင်းရှိ မဲရုံအမှတ်(၁) နှင့် အမှတ်(၂)၊ အားကစားနှင့် ကာယပညာသိပ္ပံ( မုံရွာ) ရှိ မဲရုံသုံးရုံနှင့် ကွေ့ကြီးရပ်ကွက် အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)အတွင်းရှိ မဲရုံနှစ်ရုံ၊ ဒေါနခြံ ရပ်ကွက် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း အတွင်းရှိ မဲရုံတစ်ရုံ၊ ဆူးလေကုန်ရပ်ကွက် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းအတွင်းရှိ မဲရုံတစ်ရုံတို့တွင် မဲဆန္ဒရှင်ဒေသခံပြည်သူများက မိမိတို့ကြိုက်နှစ်သက်ရာ ကိုယ်စားလှယ်လောင်းများအားမဲရုံ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆန္ဒမဲပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)