ဒီဇင်ဘာ ၃၀
အိန္ဒိယနိုင်ငံမြောက်ပိုင်း တောင်ကုန်းထူထပ်သော ဉတ္တရာခန်ပြည်နယ်ရှိ ချောက်အတွင်းသို့ ပြုတ်ကျမှုကြောင့် ခုနစ်ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က အတည်ပြုပြောကြားခဲ့သည်။
အဆိုပါမတော်တဆမှုသည် ပြည်နယ် Almora ခရိုင်ရှိ Bhikiyasen-Vinayak လမ်းမပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိခိုက်ဒဏ်ရာရရှိသူအားလုံးကို ဆေးရုံသို့ ပို့ဆောင်ထားပြီး အခြေအနေစိုးရိမ်ရသူ အများအပြားရှိကြောင်း ဖော်ပြထားသည်။
ထိုဘတ်စ်ကားတွင် ခရီးသည် ၁၉ ဦး လိုက်ပါလာခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


