ဒီဇင်ဘာ ၃၀

မွန်ဂိုးလီးယားနိုင်ငံတွင် ဝက်သက်ရောဂါနှင့် ဆက်စပ်သေဆုံးမှုတစ်ခု ထပ်မံတွေ့ရှိခဲ့ပြီးနောက် သေဆုံးသူ ၁၂ ဦးအထိ ရှိလာပြီဖြစ်ကြောင်း အမျိုးသားကူးစက်ရောဂါဗဟိုဌာန (NCCD) က ယနေ့တွင် ပြောကြားခဲ့သည်။

ပြင်းထန်စွာဖျားနာနေသော ကလေးလေးဦးအပါအဝင် လူ ၂၂ ဦး ဆေးရုံတွင် ဆက်လက်ကုသမှုခံယူနေရကြောင်း ထိုဌာန၏ ကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။

ဝက်သက်ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံခြင်းဖြင့် ၎င်းတို့၏ကလေးများကို ပြင်းထန်သောရောဂါမှ ကာကွယ်ရန် မိဘများအား ယင်းဌာနက အကြံပြုထားသည်။

ဝက်သက်ရောဂါသည် အသက်ရှူလမ်းကြောင်းဆိုင်ရာ အရည်စက်များနှင့် တိုက်ရိုက်ထိတွေ့မှုမှတစ်ဆင့် အလွန်ကူးစက်တတ်သော ဗိုင်းရပ်စ်ရောဂါတစ်ခုဖြစ်သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို