ကျောက်တန်း ဒီဇင်ဘာ ၃၀
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ကျောက်တန်းမြို့နယ်၌ ရွေးကောက်ပွဲ အပိုင်း(၃)ကျင်းပမည့် မဲရုံများ ကြိုတင်ပြင်ဆင်ထားရှိမှုများကို ဒီဇင်ဘာ ၂၈ ရက် နံနက် ၉ နာရီက ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။
ညှိနှိုင်းဆောင်ရွက်
မဲရုံများ ကြိုတင်ပြင်ဆင်ထားရှိမှုများကို ကျောက်တန်းမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဘုန်းခန့်အောင် ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကျော်ဝင်းနှင့် အဖွဲ့တို့သည် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ကျောက်တန်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ မဲရုံများကို ကွင်းဆင်းကြည့်ရှုကာ ကြိုတင်ပြင်ဆင်ထားရှိမှုများနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများကို စစ်ဆေး၍ ပြည်သူများအဆင်ပြေစွာ မဲပေးနိုင်ရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နိုးတူး(ကျောက်တန်း)


