လင်းခေး ဒီဇင်ဘာ ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးမြို့နယ်၌ ဒီဇင်ဘာ ၂၈ ရက်က ကျင်းပပြီးစီးခဲ့သည့် အပိုင်း(၁) ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ စာရေးဝန်ထမ်းများအား ချီးကျူးဂုဏ်ပြုပွဲနှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ် ပြန်လည်သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် လင်းခေးမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က အမှာစကားပြောကြားသည်။
ဆက်လက်၍ ရွေးကောက်ပွဲကာလအတွင်း ရပ်ကွက်၊ ကျေးရွာ အုပ်စုအလိုက် အားသာချက်၊ အားနည်းချက်များနှင့် ပတ်သက်၍ သုံးသပ်အကြံပြုချက်များကို သုံးသပ်ဆွေးနွေးကြသည်။
ယင်းနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမင်းလွင်နှင့် အတွင်းရေးမှူး ဦးချိုနိုင်တို့က ရွေးကောက်ပွဲအကြို၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲနှောင်းပိုင်းကာလအတွင်း ဘက်ပေါင်းစုံမှ ပါဝင်ပံ့ပိုးကူညီ ဆောင်ရွက်ခဲ့ကြသော အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများအား ချီးကျူးဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းဇော်လတ်(လင်းခေး)


