မိုင်းဖြတ် ၁၉  မတ် 


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ လားဟူတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးယောသပ်နှင့် ဇနီး၊  လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဗဟိုကော်မတီ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးဒါဝိဒ်၊ လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြို့နယ်စည်းရုံးရေးကော်မတီဥက္ကဋ္ဌ ဦးဘာနဗနှင့် တာဝန်ရှိသူများသည် မတ်လ ၁၈ ရက် ညနေ ၄နာရီခွဲက နမ့်ပန်ကျေးရွာအုပ်စု၊ နမ့်ဝိုးထောင်ကျေးရွာရှိ မီးဘေးသင့်အိမ်ထောင်စု ခြောက်စုမှ မိသားစုဝင်များအား ထောက်ပံ့ငွေများနှင့် ထောက်ပံ့ပစ္စည်းများကို ကျေးရွာသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။


ရှေးဦးစွာ လားဟူတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးယောသပ်နှင် တာဝန်ရှိသူများသည် မတ်လ ၁၃ ရက်က နမ့်ပန်ကျေးရွာအုပ်စု၊ နမ့်ဝိုးထောင်ကျေးရွာတွင် တောမီးမှတစ်ဆင့် ကူးစက်လောင်ကျွမ်းခဲ့သည့် အိမ် ၆ လုံး၏ အခြေအနေများကို ကြည့်ရှုခဲ့ပြီး အိမ်ထောင်စုခြောက်စုမှ မိသားစုဝင်များနှင့်တွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့သည်။ 


ထို့နောက် လားဟူတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး ဦးယောသပ်နှင့် တာဝန်ရှိသူများက မီးဘေးသင့် အိမ်ထောင်စု ခြောက်စုအတွက် ထောက်ပံ့ငွေ ကျပ်သုံးသိန်း၊ ဆန်ခြောက်အိတ်၊ စောင် ၁၂ထည်၊ အဝတ်အထည်များနှင့် အိမ်အသုံး အဆောင် ပစ္စည်းများကို ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။


MDN