အင်္ဂပူ ဒီဇင်ဘာ ၃၀
ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံဖွင့်လှစ်ဆောင်ရွက်မည့် စာသင်ကျောင်းများတွင် မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲမင်းသိန်း ဦးဆောင်သော တပ်ဖွဲ့ဝင် များက သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မဲရုံဖွင့်လှစ်ဆောင်ရွက်မည့် စာသင် ခန်းများနှင့် ကျောင်းဝင်းအတွင်း မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ မီးသတ်ဆေးဘူးထားရှိမှု အခြေအနေများကို စစ်ဆေးခဲ့ပြီး အရေးပေါ်မီးဘေးအန္တရာယ်ဖြစ်ပေါ်ခဲ့ပါက စနစ်တကျ မီးငြှိမ်းသတ်ရမည့် နည်းလမ်းများအား အသိပညာ ပေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)


