ဒါကာ ဒီဇင်ဘာ ၃၀
ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရသည် ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီယာ ကွယ်လွန်မှုအတွက် ဒီဇင်ဘာ ၃၁ ရက်မှ ဇန်နဝါရီ ၂ ရက်အထိ သုံးရက်ကြာ နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ကြေညာလိုက်ကြောင်း ဆင်ဟွာသတင်းတစ်ရပ်၏ ဖော်ပြချက်အရ သိရသည်။
ထို့ပြင် ဘင်္ဂလားဒေ့ရှ်အစိုးရသည် ဒီဇင်ဘာ ၃၁ ရက်ကို အများပြည်သူဆိုင်ရာ ရုံးပိတ်ရက်အဖြစ်လည်း ကြေညာထားသည်။ ဘင်္ဂလားဒေ့ရှ်ယာယီအစိုးရ၏ အကြံပေးချုပ် မူဟာမက်ယူနွတ်စ်သည် ဒီဇင်ဘာ ၃၀ ရက် မွန်းလွဲပိုင်းတွင် ရုပ်မြင်သံကြားမှတစ်ဆင့် နိုင်ငံတော်သို့ မိန့်ခွန်းပြောကြားရာ၌ အဆိုပါထုတ်ပြန်ချက်များကို ကြေညာခဲ့ခြင်းဖြစ်သည်။
ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ၏ ဥက္ကဋ္ဌတစ်ဦးလည်းဖြစ်သော ခါလီဒါဇီယာသည် မြို့တော် ဒါကာတွင် အဖျားရောဂါကြောင့် ဒီဇင်ဘာ ၃၀ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီတွင် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း အမျိုးသားရေးပါတီက လူမှုကွန်ရက်တွင် ရေးသားဖော်ပြထားသည်။ ၎င်းကွယ်လွန်ချိန်တွင် အသက် ၈၀ ရှိပြီဖြစ်သည်။
ဆင်ဟွာ


