နေပြည်တော် ၁၉ မတ်


မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ မွန်းလွဲ ၂ နာရီ ထုတ်ပြန်ချက်အရ ကချင် ပြည်နယ်တွင် နေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတွင် နေရာစိပ်စိပ်၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် နေရာကွက်ကျား မိုး ထစ်ချုန်းရွာခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့သည်။ 


နေ့အပူချိန်များမှာ မကွေးတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် မတ်လ၏ ပုံမှန်အပူချိန် တို့ထက် (၂)ဒီဂရီ စင်တီဂရိတ် ပိုခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည် နယ်တို့တွင် မတ်လ၏ ပုံမှန်အပူချိန်ခန့်သာ ရှိခဲ့သည်။


ထူးခြားသည့် နေ့အပူချိန်များမှာ ချောက်မြို့တွင် (၄၃)ဒီဂရီစင်တီဂရိတ်၊ အောင်လံမြို့နှင့် ဘော်လခဲမြို့တို့တွင် (၄၁) ဒီဂရီစင်တီဂရိတ်စီ၊ နေပြည်တော်(ဇေယျာသီရိမြို့နယ်)၊ ပျဉ်းမနားမြို့၊ မကွေးမြို့၊ တောင်တွင်းကြီးမြို့၊ အမ်းမြို့၊ ပြည်မြို့နှင့် တောင်ငူမြို့တို့တွင် (၄၀) ဒီဂရီစင်တီဂရိတ်စီတို့ ဖြစ်ကြပါသည်။
 

မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ကသာမြို့နှင့် ကလေးဝမြို့တို့တွင် (ဝ.၃၉)လက်မစီ၊ မိုးကောင်းမြို့ တွင် (ဝ.၂၈)လက်မ၊ ခန္တီးမြို့တွင် (ဝ.၂၀)လက်မ၊ ပူတာအိုမြို့၊ မချမ်းဘောမြို့နှင့် မင်းကင်းမြို့တို့တွင် (ဝ.၁၆)လက်မစီ၊ မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ရမ်ကလောင်း၊ ပင်လည်ဘူးမြို့နှင့် ကန့်ဘလူမြို့တို့တွင် (ဝ.၁၂)လက်မစီတို့ ဖြစ်ကြသည်။


ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတွင် အများအားဖြင့် သာယာနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။


မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီး အထက် ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲ ကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် တို့တွင် တိမ်အသင့် အတင့်ဖြစ်ထွန်းမည်။


မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် (၃)ပေမှ (၅)ပေခန့် ရှိနိုင်ပါသည်။


နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ကချင်ပြည် နယ်တို့တွင်နေရာကွက်ကျား မိုးဆက် လက်ထစ်ချုန်း ရွာနိုင်ပါသည်။


နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဖြစ်ကြောင်း သိရသည်။


MDN

 

1