ကျောင်းကုန်း ဇန်နဝါရီ ၂

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဧရာဝတီတိုင်းဒေသကြီးတာဝန်ခံ ဦးတင်ဆွေဝင်းသည် ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ကျောင်းကုန်းမြို့နယ် ပညာရေးမှူးရုံးရှိ မြတ်ပညာခန်းမ၌ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မဲရုံမှူးများနှင့် တွေ့ဆုံဆွေးနွေးသည်။

 

တွေ့ဆုံစဉ် မြန်မာအီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုပုံကို မဲရုံမှူးများအား ရှင်းလင်းဆွေးနွေး ပြောကြားကာ အီလက်ထရောနစ်မဲပေးစက်များ ထားသိုရာနေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)