ရန်ကုန် ဇန်နဝါရီ ၄
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း ဦးဘလွင်ခန်းမ၌ ယမန်နေ့နံနက် ၈ နာရီက ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာရည်ချွန်ဆုချီးမြှင့်ပွဲ ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင် (၂) ဦးမြင့်အေးက အမှာစကား ပြောကြားသည်။
ဆက်လက်၍ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီး ကျောင်းသား မြို့မဆု၊ မြို့မ မောင်မယ်ဆုနှင့် (သက်ပြည့်)သင်ကြားရေး ထူးချွန်ဆုရရှိသူ ဆရာမများ၊ စာပေထူးချွန်ဆုရရှိသူများ၊ (A)အဆင့်ဖြင့် အောင်မြင်သူများ၊ တိုင်းအဆင့်၊ မြို့နယ်အဆင့်၊ ကျောင်းအဆင့် ဘက်စုံထူးချွန်ဆု ရရှိသူများ၊ အားကစားပြိုင်ပွဲများတွင်ဆုရရှိသူများ၊ ကျောင်းလုပ်ငန်းဆု ရရှိသူများနှင့် စာဖတ်ရှိန် မြှင့်တင်ရေးလှုပ်ရှားမှုတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသူများအား တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ကျော်သူဟိန်း(ပြန်/ဆက်)


