တာချီလိတ် ဇန်နဝါရီ ၄
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မကာဟိုခမ်းရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (တာချီလိတ်) ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်
ဦးစွာ ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးတင့်ဝေသုံ၊ ခရိုင်ပညာရေးမှူး ဒေါ်ခင်ဝင်းကြည်နှင့် မြို့မိမြို့ဖ ဦးဇော်မြင့်တို့က ပညာရေး စုံညီပွဲတော် အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီးက အမှာစကား ပြောကြားပြီး အထက (တာချီလိတ်) အထက်တန်းပြဆရာမ ဒေါ်မြင့်မြင့်သန်းက ကျောင်းအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများ၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် လူရည်ချွန်ဆုရရှိသူများ၊ ဗဟိုအဆင့်နှင့် မြို့နယ်အဆင့် E/M ပြိုင်ပွဲဝင်ကျောင်းသား ကျောင်းသူများ၊ နေ့ကြီးရက်ကြီးအထိမ်းအမှတ် ကဗျာ၊ စာစီစာကုံး၊ ပန်းချီ၊ ကျပန်း စကားပြောပြိုင်ပွဲနှင့် အားကစား ပြိုင်ပွဲများတွင် ဆုရရှိသူများကို လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)


