ကလေး ဇန်နဝါရီ ၄

 

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့အကျဉ်းထောင်မှ အကျဉ်းသား ၂၂ ဦး၊ အကျဉ်းသူတစ်ဦး လွတ်ငြိမ်းသက်သာခွင့်ပေးသည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါအကျဉ်းဦးစီးဌာန ဇလပ်ဖြူခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ကလေးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးထက်နှင့် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စောမြင့်တို့က လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွတ်မြောက်ကြသည့် အကျဉ်းသား အကျဉ်းသူများအား ဆုံးမသြဝါဒစကား ပြောကြားသည်။

 

ထို့နောက် ကလေးမြို့အကျဉ်းထောင်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မိုးဝင်းက အမှာစကားပြောကြားပြီး တာဝန်ရှိသူများက လွတ်ငြိမ်းသက်သာခွင့်ရရှိသူများအား ထောင်လွတ်လက်မှတ်နှင့် စားစရိတ်၊ ခရီးစရိတ်များကို တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)