တောင်ကြီး ဇန်နဝါရီ ၄

 

ရှမ်းပြည်နယ် (တောင်ပိုင်း)ညောင်ရွှေမြို့နယ် သလဲဦးကျေးရွာရှိ ရောင်နီဦး စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမ အသင်းလီမိတက်နှင့် မိုင်းသောက်ကျေးရွာရှိ ပင်မြင့်စံ ငွေစုငွေချေး သမဝါယမအသင်းတို့မှ ဆောင်းနေကြာ ဆူရာကီရမ်မျိုး စိုက်ပျိုးထားရှိမှုနှင့် ရုရှားနေကြာ (Makhaon)မျိုး စိုက်ပျိုးထားရှိမှုကို ဇန်နဝါရီ ၃ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

 

ရှမ်းပြည်နယ် သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်မိုးတင့်နှင့် တာဝန်ရှိသူများက စိုက်ခင်းအားကြည့်ရှုရာတွင် အပင်ပေါက်နှုန်း ကောင်းမွန်စေရေး၊ လိုအပ်သည့် အစိုဓာတ် ရရှိစေရေး၊ စိုက်နည်းစနစ်နှင့်အညီ စိုက်ပျိုးထားရှိမှု ရှိ/မရှိ ကြည့်ရှုပြီး အပင်၏ အသက်ရက်အလိုက် ကျွေးရမည့် အစာအာဟာရများ အချိုးကျ အချိန်ကိုက်ကျွေးရန်၊ ပိုးမွှားရောဂါ မကျရောက်စေရေး လိုအပ်သည်များ ကြိုတင် ဆောင်ရွက်ရန်နှင့် ရာသီကုန်ချိန်တွင် သတ်မှတ်အထွက်နှုန်းရရှိရေး ဦးတည်ကြိုးပမ်း ကြပ်မတ်ဆောင်ရွက်သွားကြရန် ပေါင်းစပ်ညှိနှိုင်းမှာကြားခဲ့ကြောင်း သိရသည်။

ဝိုးတောင်း