ရန်ကုန် ဇန်နဝါရီ ၄

 

ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီသူနာပြုတပ်ဖွဲ့ တိုင်း၊ ခရိုင်၊ မြို့နယ်များမှ အရာရှိများအား တာဝန်ပေးခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီရုံး ကရုဏာခန်းမ၌ ကျင်းပသည်။

 

ဦးစွာ မြန်မာနိုင်ငံကြက်ခြေနီအသင်း ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ဗဟိုအုပ်ချုပ်ရေးအဖွဲ့တပ်ဖွဲ့မှူးချုပ် ဦးကျော်မိုးကြည်က အမှာစကား​ပြောကြားသည်။

 

ဆက်လက်၍ မြန်မာနိုင်ငံကြက်ခြေနီအသင်း ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ဗဟိုအုပ်ချုပ်ရေးအဖွဲ့ တပ်ဖွဲ့မှူးချုပ် ဦးကျော်မိုးကြည်၊ တိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဌေးနှင့် ကော်မတီဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်များမှ တပ်ဖွဲ့မှူးများက တာဝန်ပေးအပ်ခံရသည့် အရာရှိများဖြစ်သည့် တိုင်းတပ်ဖွဲ့မှ အရာရှိ လေးဦး၊ ခရိုင်များမှ အရာရှိ ၂၂ ဦး၊ မြို့နယ်များမှ အရာရှိ ၃၇ ဦး စုစုပေါင်း ၇၅ ဦးတို့အား တာဝန်​ပေးခန့်အပ်လွာများ​ ပေးအပ်ခဲ့ကြောင်း သိရသည်။ ​

အောင်​ကျော်(ပြန်/ဆက်)