ဝေါ ဇန်နဝါရီ ၅

 

ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်၌ ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီ ၃ ရက် နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း (ဝေါ) သီရိဇေယျာခန်းမ၌ ကျင်းပသည်။

 

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်က အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူးရုံးမှ ပညာရေးမှူး ဒေါ်လှကြူမာက ပညာရေး၏အရေးပါမှု၊ လူငယ်များ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

အဆိုပါပွဲတော်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများ၊ မိဘများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြပြီး ပညာရေးကဏ္ဍတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုလက်မှတ်များနှင့် ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)