အမရပူရ ဇန်နဝါရီ ၅
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်၌ ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေး စုံညီပွဲတော် ဘက်စုံထူးချွန်ဆုပေး ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပလစ-၂ (အမှတ်(၂)ပြင်ပပင်မ လျှပ်စစ်အင်ဂျင်နီယာတပ်ရင်း) စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
ဦးစွာ အမရပူရခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ကိုလင်းက အမှာစကား ပြောကြားကာ မြို့နယ်ပညာရေးမှူး ဒေါ်ထားထားစိန်းက ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ၂ဝ၂၅- ၂ဝ၂၆ ပညာ သင်နှစ်အတွင်း တိုင်းဒေသကြီးအဆင့်၊ မြို့နယ်အဆင့်များတွင် အဘက်ဘက်မှ ထူးချွန်ဆုရရှိသူများအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ကိုလင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးညွန့်ဦးနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
မြို့နယ်(ပြန်/ဆက်)


