ရန်ကုန် ဇန်နဝါရီ ၅
ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက မိမိတို့မြိုနယ်အတွင်း မဲဆန္ဒရှင် ပြည်သူများအား မဲပေးပိုင်ခွင့် အခွင့်အရေး မဆုံးရှုံးစေရေးအတွက် အထူးကိစ္စရပ် တစ်ရပ်အနေဖြင့် (ပျက်စီး၊ ပျောက်ဆုံး)သည့် နိုင်ငံသားစိစစ်ရေးကတ်များကို နေ့စဉ် ပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြောက်ဥက္ကလာပမြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များတွင် မဲဆန္ဒရှင် ပြည်သူများအား မဲပေးပိုင်ခွင့် အခွင့်အရေး မဆုံးရှုံးစေရေးအတွက် အထူးကိစ္စရပ် တစ်ရပ်အနေဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ (ပျက်စီး၊ပျောက်ဆုံး) သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဥပဒေနှင့်အညီ အမြန်ဆုံး စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)


