နေပြည်တော် ၁၉ မတ်
ပခုက္ကူမြို့မရဲစခန်းမှူး ဒုတိယရဲမှူး သိန်းဆန်းဦးနှင့် ဒုရဲအုပ် ဝေလင်းဇော်ဦးတို့ ပူးပေါင်းအဖွဲ့သည် ခိုးမှုများဖော်ထုတ်ဖမ်းဆီးရမိရေး မြို့နယ်များရှိ ရဲစခန်းများနှင့် ချိတ်ဆက်ခြင်းကို မတ် ၃ ရက်တွင် အောင်လံမြို့ နယ်ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရာ လောင်လံမြို့နယ်၊ ပြလိုကျေးရွာတွင် ဖိုးခွား (ခ) မျိုးအာကာ၊ အောင်မျိုးသူ၊ ကျော်လင်းထက်တို့ (၃)ဦးအား ဟွန်ဒါကလစ် ၁၂၅ နီ/နက်ကြားရောင် ဆိုင်ကယ်(၁)စီးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
၎င်းဆိုင်ကယ်သည် လွန်ခဲ့သော (၃)လခန့်က ပခုက္ကူမြို့၊ အမှတ်(၁၁)ရပ်ကွက်၊ မုန့်လုံးတောင်ဘုရား၌ ခိုးယူခဲ့သည့် ဆိုင်ကယ်ဖြစ်ပြီး အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူများ၏ ထွက်ဆိုချက်များအရ ပခုက္ကူမြို့နယ်အတွင်းမှ ခိုးယူခဲ့သည့် ဆိုင်ကယ်(၅)စီးအား ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား ပခုက္ကူမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။
မောင်လူမော်