နေပြည်တော် ဇန်နဝါရီ ၅
နေပြည်တော် ဇေယျာသီရိမြို့နယ် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။
အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီး ဦးအောင်မိုးက အမှာစကားပြောကြားပြီး တိုင်းဒေသကြီးအဆင့်၊ မြို့နယ်အဆင့် အင်္ဂလိပ်စာ၊ သင်္ချာထူးချွန်ဆုနှင့် လူရည်ချွန်ဆုများရရှိအောင် သင်ကြားပြသပေးခဲ့သော ဆရာ ဆရာမများအား ဆုများပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ၂၀၂၄-၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူများ၊ တိုင်းဒေသကြီးအဆင့်၊ မြို့နယ်အဆင့် စာပေထူးချွန်ဆုရ ကျောင်းသား ကျောင်းသူများ၊ Grade-5 နှင့် Grade-9 တွင် (A)အဆင့်ရရှိသူများနှင့် ကျောင်းတွင်းအားကစားပြိုင်ပွဲများတွင် ဆုရကျောင်းသား ကျောင်းသူများအား ကျောင်းအကျိုးတော်ဆောင်များနှင့် ဆရာ ဆရာမများက ဆုများပေးအပ် ချီးမြှင့်ခဲ့ပြီး ကျောင်းသား ကျောင်းသူများက တေးသရုပ်ဖော်အကအလှများဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
ကြေးမုံ


