ကလော ဇန်နဝါရီ ၅
ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့တွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ညစာစားပွဲအခမ်းအနားကို ဇန်နဝါရီ ၄ ရက် ညနေ ၆ နာရီခွဲက မြို့နယ်ခန်းမ၌ကျင်းပရာ ကလောခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များနှင့် တိုင်းရင်းသားရိုးရာအကအဖွဲ့များ တက်ရောက်ကြသည်။
ကပြဖျော်ဖြေ
ဦးစွာကလောခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်က (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ညစာစားပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်၍ အမှာစကား ပြောကြားခဲ့ပြီး အခမ်းအနားတက်ရောက်လာကြသူများအား ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြသည်။ ထို့နောက် တိုင်းရင်းသားရိုးရာအက အဖွဲ့များဖြစ်သည့် ကလောမြို့ပေါ်ရှိ အခြေခံပညာကျောင်းသူများက “ကောင်းခြင်းမင်္ဂလာ” သီချင်း၊ “ရှမ်းဓလေ့အိုးစည်သံ”ကယန်းရိုးရာအက၊ “ဆောင်းညအိပ်မက်”သီချင်း၊ “တောင်ရိုးအက”၊ “ထာဝရမြန်မာ” သီချင်းတို့ဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။
ကျော်ဝင်း(ကလော)


