မင်းတုန်း ဇန်နဝါရီ ၅
မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့တွင် မဲရုံအနီးဝန်းကျင်ရှိ လူနေအိမ်များ မီးပေါ့ဆမှုကြောင့် မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်များကို တိကျစွာလိုက်နာ ဆောင်ရွက်သွားကြရန် မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက လိုက်လံနှိုးဆော်ခဲ့ကြသည်။
လိုက်လံနှိုးဆော်
နေအိမ်အဆောက်အအုံတိုင်း၌ မီးချိတ်၊ မီးကပ်၊ သဲ၊ ရေပုံး၊ လှေကားနှင့် မီးသတ်ဆေးဘူးများ ထားရှိရန်၊ မီးဖိုမီးများကို စနစ်တကျအသုံးပြုကြရန်၊ အမှိုက်ပုံလောင်စာများ စနစ်တကျစွန့်ပစ်ရန်၊ လေပြင်းများတိုက်ခတ်လာပါက မီးဖိုမီးသုံးစွဲခြင်းမပြုရန်၊ ဂတ်စ်မီးဖို အသုံးပြုပါက လေဝင်၊ လေထွက် ကောင်းမွန်အောင်ပြုလုပ်ရန်၊ ပျက်စီးချို့ယွင်းနေသော လျှပ်စစ်မီးကြိုးများ၊ မီးခလုတ်များ၊ လျှပ်စစ်ပစ္စည်း ကိရိယာများကို အသုံးမပြုကြရန်၊ တောမီးတားလမ်းများ ပြုလုပ်ထားကြရန် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
ချင်းကလေး(NRDC)


