တောင်ဥက္ကလာပ ဇန်နဝါရီ ၇

 

ပါတီစုံဒီမိုက‌ရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂)တွင် ပြည်သူများအားလုံးပါဝင်နိုင်ရေး၊ နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့် အခွင့်အရေး ပြည့်ဝစွာရရှိစေရေး မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်ကြောင်း ပြည်သူအသိပညာပေးလှုံ့ဆော်သည့် “ဒို့အတူတူ မဲပေးကြမယ် လက်ကမ်းစာစောင်များကို ဇန်နဝါရီ ၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် နန္ဒဝန်ဈေးနှင့် ရပ်ကွက်များ၌ ဖြန့်ဝေပေးကြသည်။

 

လက်ကမ်းစာစောင်ဖြန့်ဝေရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့်အဖွဲ့ဝင်များ ကြီးကြပ်၍ မြို့နယ်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနဝန်ထမ်းများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့မှ ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များက နန္ဒဝန်ဈေးနှင့် လူစည်ကားရာနေရာများ၊‌ ရပ်ကွက်များအရောက် လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခင်ဆွေနှင်း (ပြန်/ဆက်)