ပေါက်ခေါင်း ဇန်နဝါရီ ၇

 

ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၅ ရက် နံနက်ပိုင်းက မြို့နယ်မီးသတ် ဦးစီးဌာနခန်းမ၌ ကျင်းပသည်။

 

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်နိုင်သူဦးက သင်တန်းဖွင့်ပွဲ မိန့်ခွန်းပြောကြားပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဒုရဲမှူး ဦးထွန်းမင်းအောင်က သင်တန်းသားများအတွက် အရန်မီးသတ်တူညီဝတ်စုံများ ပေးအပ်ကာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးမျိုးသူအောင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ပြောကြားသည်။

 

ဆက်လက်၍ အမှတ်(၃) ရပ်ကွက်မှ ဦးသန်းထူးအောင်က အရန်မီးသတ်တပ်ဖွဲ့ဝင် ၅၀ အတွက် ရန်ပုံငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)