နတ်တလင်း ဇန်နဝါရီ ၇
ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့ အခြေခံပညာအထက်တန်းကျောင်း မနောဟဒယခန်းမ၌ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။
ထိုသို့ ကျင်းပရာတွင် နတ်တလင်းမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက အခမ်းအနားကို “စုံညီပွဲတော်ဒို့နွှဲပျော် ” သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ပြီး နတ်တလင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင်က အမှာစကားပြောကြားသည်။
ထို့နောက် နတ်တလင်းမြို့နယ် လက်ထောက်မြို့နယ်ပညာရေးမှူး ဦးအောင်မင်းဇော်ဦးက ပညာရေးစုံညီပွဲတော်နှင့် စပ်လျဉ်း၍ တင်ပြဆွေးနွေးခဲ့ပြီး ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေစိုး၊ မြို့နယ်ပညာရေးမှူး ဦးဘိုဘိုအောင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက မြို့နယ်အဆင့် ဆုရရှိသည့် ကျောင်းသား ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)


