ထန်းတပင် ဇန်နဝါရီ ၇
အခြေခံပညာအထက်တန်းအဆင့် ပြီးမြောက်သူများအား အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ ကျွမ်းကျင်မှု အတတ်ပညာ (Job-Ready Skills) (အခြေခံအီလက်ထရောနစ် နည်းပညာနှင့်မုန့်ဖုတ်) သင်တန်းကို ဇန်နဝါရီ ၅ ရက် မွန်လွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၌ ဖွင့်လှစ်သည်။
သင်တန်းဖွင့်ပွဲတွင် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ခေတ္တ ပါမောက္ခချုပ် ဒေါက်တာသုနန္ဒာက အမှာစကားပြောကြားပြီး ကုန်ထုတ်ဓာတုဗေဒဌာန ပါမောက္ခဌာနမှူး ဒေါက်တာသင်းသင်းခိုင်နှင့် ရူပဗေဒဌာန ပါမောက္ခဌာနမှူး ဒေါက်တာမောင်မောင်ရွှေတို့က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။
ကျွမ်းကျင်မှုအတတ်ပညာ (အခြေခံအီလက်ထရောနစ်နည်းပညာသင်တန်းနှင့်မုန့်ဖုတ်) သင်တန်းကို သုံးလကြာ အပတ်စဉ်ဖွင့်လှစ် သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)


