နေပြည်တော် ဇန်နဝါရီ ၇

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ်၌ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ရမည့်သူများ ကြိုတင်မဲပေးနေမှုကို ယနေ့နံနက်ပိုင်းက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် (ဧရာဝတီတိုင်းဒေသကြီးတာဝန်ခံ) ဦးတင်ဆွေဝင်း သည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှု အားပေးသည်။

 

ကြည့်ရှုအားပေး

ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က အမှတ် (၁) ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ရွေးကောက်ပွဲ အပိုင်း (၂) ကျင်းပမည့်နေ့တွင် တာဝန်ထမ်းဆောင်ရမည့် ဆရာ ဆရာမများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် လုံခြုံရေးအဖွဲ့များ လွတ်လပ်စွာ ကြိုတင်မဲ လာရောက်ပေးနေမှုကို ကြည့်ရှုအားပေးပြီး မြို့နယ်နှင့် ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် တွေ့ဆုံကာ ကြိုတင်မဲပုံးများအား သတ်မှတ်ချက်နှင့်အညီ ထားရှိဆောင်ရွက်ရေး၊ ကန်ကြီးထောင့်မြို့နယ်တွင်း မဲရုံများအလိုက် ရောက်ရှိလာမည့် မြန်မာအီလက်ထရောနစ် မဲပေးစက်များအား စနစ်တကျ ထားသိုထိန်းသိမ်းရေး၊ မဲပေးပိုင်ခွင့်ရှိသူအားလုံး လွယ်ကူမြန်ဆန်စွာ ဆန္ဒမဲပေးနိုင်ရေးတို့ကို အသေးစိတ်ဆွေးနွေးမှာကြားသည်။

 

ထို့နောက် မြို့မအားကစားရုံ၌ MEVM မဲပေးစက်နှင့်ဆက်စပ် ပစ္စည်းများ ရောက်ရှိနေရာချမှု၊ မဲပေးစက်တွင် ထည့်သွင်းအသုံးပြုမည့် ဘက်ထရီအိုးများ အားသွင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး မဲရုံမှူးများ၊ ဒုတိယ မဲရုံမှူးများ၊ စက်ကိုင် ဆရာ ဆရာမ များနှင့်တွေ့ဆုံကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်