ဘီးလင်း ဇန်နဝါရီ ၇
မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ ဇန်နဝါရီ ၁၁ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲရုံအဖွဲ့ဝင် တာဝန်ထမ်းဆောင်ကြမည့် ဆရာ ဆရာမများ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေးနေမှုများကို ယနေ့နံနက်ပိုင်းက သထုံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့နှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။
ကွင်းဆင်းစစ်ဆေး
ဘီးလင်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာမဲရုံများ၌ တာဝန်ထမ်းဆောင်ကြမည့် မဲရုံဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ ကြိုတင်ဆန္ဒမဲပေးခြင်းများကို ဇန်နဝါရီ ၇ ရက်မှ ၁၀ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ရာ ကြိုတင်ဆန္ဒမဲပေးနေမှုများကို သထုံခရိုင်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးသက်နိုင်ဦး နှင့်အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဘီးလင်း(ပြန်/ဆက်)


