ချောက် ဇန်နဝါရီ ၇

 

မကွေးတိုင်းဒေသကြီး ချောက်မြို့၌ မြို့နယ်မီးသတ်တပ်ဖွဲ့များသည် ယနေ့နံနက်ပိုင်းမှစ၍ လူနေအိမ်များ၊ ဌာနဆိုင်ရာရုံးများသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးသိန်းဇော်ဝင်း၏ လမ်းညွှန်မှုဖြင့် လက်ထောက်မီးသတ်ဦးစီးမှူး ဦးသက်တင်နှင့်သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက လမ်းဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စီမံဆောင်ရွက်ထားရှိမှုများကို စစ်ဆေးပြီး မီးကိုစနစ်တကျ သုံးစွဲစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ ဆိုင်များ၌ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံး၊ မီးသတ်ဆေးဘူးများ အရန်သင့်ထားရှိရေး၊ မီးလောင်လွယ်သည့်ပစ္စည်းများ သိုလှောင်ခြင်း မပြုရေးတို့ကို အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)