နေပြည်တော် ၁၉ မတ်
(၂၀၂၀) အာရှ ယူ -၂၃ ဘောလုံးပြိုင်ပွဲ၊ ခြေစစ်ပွဲ ပွဲစဉ်များအနက်မှ မြန်မာယူ-၂၃ ဘောလုံးအသင်းပါဝင်သည့် အုပ်စု(ဈ) ပွဲစဉ်များကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ရာ မြန်မာယူ-၂၃ ဘောလုံးအသင်းသည် မတ်(၂၂)ရက် ညနေ(၆)နာရီတွင် တီမောလက်စတေ ဘောလုံးအသင်းနှင့် လည်းကောင်း၊ မတ်(၂၄) ရက် ညနေ(၆)နာရီတွင် မကာအိုဘောလုံးအသင်းနှင့် လည်းကောင်း၊ မတ်(၂၆)ရက် ညနေ(၆) နာရီတွင် ဂျပန်ဘောလုံးအသင်းနှင့် လည်းကောင်း ရန်ကုန်မြို့ သုဝဏ္ဏ ဘောလုံးကွင်း၌ ယှဉ်ပြိုင်ကစားသွားကြမည် ဖြစ်သည်။
အဆိုပါဘောလုံးပွဲစဉ်များကို ယင်းနေ့ ညနေ(၅) နာရီ(၄၅) မိနစ်မှစတင်၍ မြန်မာ့ရုပ်မြင်သံကြား(MRTV)၊ MRTV Sports Channel နှင့် မြန်မာ့အသံရေဒီယိုအစီအစဉ်တို့မှ တိုက်ရိုက်ထုတ်လွှင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)