ဇန်နဝါရီ ၈

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လေကြောင်းလိုင်း Biman Bangladesh Airlines သည် ပါကစ္စတန်နိုင်ငံ ကရာချီမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာသို့ တိုက်ရိုက်ပျံသန်းမှုများကို ယခုလကုန်ပိုင်းတွင် ပြန်လည်စတင်ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း လေကြောင်းလိုင်းများ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယမန်နေ့က ပြောကြားခဲ့သည်။

အဆိုပါလေကြောင်းလိုင်းသည် ဇန်နဝါရီ ၂၉ ရက်တွင် ပျံသန်းမှုပြန်လည်စတင်မည်ဖြစ်ကာ ကြာသပတေးနှင့် စနေနေ့များတွင် တစ်ပတ်လျှင် နှစ်ကြိမ် ပျံသန်းမည်ဖြစ်ကြောင်း Biman Bangladesh Airlines  အကြီးတန်းအရာရှိ Bushra Islam က ဆင်ဟွာသို့ ပြောကြားခဲ့သည်။

၁၀ နှစ်ကျော်ကြာမြင့်ပြီးနောက် ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်နိုင်ငံတို့အကြား တိုက်ရိုက်ပျံသန်းမှုများကို ပြန်လည်စတင်မည်ဟု၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

နှစ်နိုင်ငံအကြားတိုက်ရိုက်ပျံသန်းမှုများ ပြန်လည်စတင်ရန် ပါကစ္စတန်နှင့် လပေါင်းများစွာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု လေကြောင်းလိုင်းတာဝန်ရှိသူများက ပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို