ရေကြည် ဇန်နဝါရီ ၉
ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် နွားရေတိုက်ကျေးရွာတွင် သမဝါယမအသင်းအား ယမန်နေ့နံနက်ပိုင်းက အသင်းသားတောင်သူ ၁၆ ဦးဖြင့် နွားရေတိုက် ဓာတုကင်းလွတ် ရေကြည်ပေါ်ဆန်းစိုက်ပျိုးထုတ်လုပ်ရေးနှင့် အထွေထွေသမဝါယမအသင်းဖွဲ့စည်းသည်။
အဆိုပါအသင်းအား စိုက်ဧက ၁၀၀ တစ်ဆက်တည်း ဓာတုကင်းလွတ် ရေကြည်ပေါ်ဆန်းစပါး စိုက်ပျိုးသည့်တောင်သူများအနေဖြင့် သမဝါယမအသင်း၏ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းဥပဒေများ၊ အသင်းဖွဲ့စည်းရခြင်း၏ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကို အသင်းသားများ နားလည် သဘောပေါက်စေရန် မြို့နယ်ဦးစီးအရာရှိ ဒေါ်ကေသွယ်ဝင်းနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ရှင်းလင်းဆွေးနွေးသည်။
မြို့နယ်(ပြန်/ဆက်)


