ဝေါ ဇန်နဝါရီ ၁၁

ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံလုပ်ငန်းတာဝန်များ (မွမ်းမံ) သင်တန်းဖွင့်ပွဲကို ဇန်နဝါရီ ၈ ရက် နံနက်ပိုင်းက ဝေါမြို့နယ် ခန်းမ၌ ကျင်းပသည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်​ရေးကော်မတီ ​ ဥက္ကဋ္ဌ ဦးသက်လွင်က အမှာစကား ပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်အေးစမ်း က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားသည်။

အဆိုပါ သင်တန်းသို့ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူးများ၊ မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 
မြို့နယ်(ပြန်/ဆက်)