ရေစကြို ဇန်နဝါရီ ၁၂
ရေစကြိုမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးညီညီအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကျောင်းသားမိဘများနှင့် မူလတန်းကြို သားငယ် သမီးငယ်များအား ယနေ့မွန်းလွဲ ၁ နာရီခွဲက မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်နည်း သရုပ်ပြခြင်းကို ရေစကြိုမြို့ မူလတန်းကြိုကျောင်း၌ ကျင်းပသည်။
အဆိုပါ ရေစကြိုမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးသန္တာစုနှင့် ဝန်ထမ်းများ၊ ကျောင်းသားမိဘများနှင့် မူလတန်းကြို သားငယ် သမီးငယ်များအား မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးညီညီအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာအချက်များကို ဟောပြောပြီး မူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဝန်ထမ်းများ၊ ကျောင်းသားမိဘများနှင့် မူလတန်းကြို သားငယ် သမီးငယ် ၁၇၀ တို့အား မီးငြှိမ်းသတ်နည်း သရုပ်ပြခဲ့ကြောင်း သိရသည်။
ဝေဇင်မို့(ရေစကြို)


