ရန်ကုန် ဇန်နဝါရီ ၁၃
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် အလုပ်ခွင်ပြင်ပထိခိုက် သေဆုံးမှုအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့် ငွေလုံးငွေရင်း ခွင့်ပြုထုတ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးရုံး၌ ထုတ်ပေးခဲ့သည်။
ရှင်းလင်းပြောကြား
အဆိုပါ အကျုံးဝင်မှတ်ပုံတင်ထားသော Pyan Hlwar Manufacturing Co., Ltd စက်ရုံမှ အာမခံအလုပ်သမား ဦးမိုးကျော် လုပ်ငန်းခွင် ပြင်ပထိခိုက်မှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်း ခွင့်ပြုငွေကျပ် ၄၃၂၀၀၀၀ ကို သေဆုံးသူ၏ ဇနီးဖြစ်သူထံ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းနွဲ့ဦးက နယ်မြေတာဝန်ခံ၊ အလုပ်ဌာနမှ တာဝန်ရှိသူများ၊ မိသားစုဝင်များ၏ ရှေ့မှောက်တွင် ထုတ်ပေးခဲ့ပြီး ၂၀၁၂ လူမှုဖူလုံရေးဥပဒေပါ အကျိုးခံစားခွင့်များအကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


