မိုင်းပန်  ၂၀ မတ်       


ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် မိုင်းပန်မြို့နယ် မဟာတေဇာဓိပတိ စေတီတော်ကြီး၏ (၁၅) ကြိမ်မြောက် ဗုဒ္ဓဘိသေက ဘုရားအနေကဇာတင်ခြင်း နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့ နံနက် (၇)နာရီက စေတီတော်၏ရင်ပြင်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ သံဃာတော် (၁၃၅)ပါးမှ စေတီတော်၏ရင်ပြင်တော်၌ လှည့်လည်အလှူခံရာ အလှူရှင်များက ဆွမ်းဆန်စိမ်း၊ ဆေး၊ဝတ္ထုပစ္စည်းများ ဆက်ကပ်လောင်းလှူခဲ့ကြသည်။ ထို့နောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ရေစက်ချအမျှပေးဝေခြင်းကို စေတီတော်အတွင်း၌ ကျင်းပပြုလုပ်ရာ ကြွရောက်လာကြကုန်သော ဧည့်ပရိသတ်အပေါင်းတို့က သရဏဂုံနှင့် ငါးပါးသီလတော်မြတ်တို့ကို ခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ်သော ပရိတ် တရားတော်မြတ်ကို နာယူပန်ဆင်ကြပါသည်။ 

 

1

ဆက်လက်ပြီး နဝကမ္မအလှူငွေများနှင့် လှူဖွယ်ဝတ္ထုများအား ဆရာတော်များထံသို့ ဆက်ကပ်လှူဒါန်းခဲ့ကြပြီးနောက် သာသနဝိပုလ ညောင်ကိုးပင်ကျောင်း ဆရာတော်ထံမှ အနုမောဒနာတရားတော် နာယူပန်ဆင်၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရှိရသည်။


မြို့နယ် ပြန်/ဆက်

 

1