ဝေရဲရဲ ကြွေရဲရဲ စေတနာပန်းပွင့်များ ကဗျာစုစည်းမှု (စာပေဗိမာန်စာမူဆုရ)

၂၀ မတ်

 

၂၀၁၅  ခုနှစ်အတွက် စာပေဗိမာန်စာမူဆု၊ ကဗျာပေါင်းချုပ် ဒုတိယဆုရရှိသည့် စာရေးဆရာ ခက်လှိုင်းကျော်၏ ဝေရဲရဲ ကြွရေဲရဲ စေတနာပန်းပွင့်များ ကဗျာစုစည်းမှု စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိကြောင်း သိရသည်။

 

ကဗျာပုဒ်ရေ  ၉၀  ပါဝင်ပြီး လေးလုံး စပ်လင်္ကာ၊ ပျို့၊ တေးထပ်၊ အချိုးတွဲ၊  သံပေါက်၊  အိုင်ချင်း၊ ကာချင်း၊ လွမ်းချင်း၊ တျာချင်း၊ ရတု၊ ဝဲရိုက်ဝဲသွင်း၊ ရကန်၊  ဥသြသံချို၊ လေးချိုးကြီး၊  ရှစ်လုံးဖွဲ့ စသည့်  ကဗျာစပ်နည်းမျိုးစုံဖြင့် ရေးဖွဲ့ထားပြီး ရာသီဥတု၊ တောတောင်သဘာဝလုပ်ငန်းခွင်၊ ယဉ်ကျေးမှု၊  ပညာရေး၊  အတွေးအခေါ်၊ အမြင်အတွေ့၊ ဘဝဒဿန၊  တရားဓမ္မ စသည့်  ကဗျာအမျိုးအစားများလည်း စုံလင်လှသဖြင့် ကဗျာချစ်ပရိတ်သတ်များ အတွက် ဖတ်ရှုသင့်သောစာအုပ်ကောင်း တစ်အုပ်ဖြစ်သည်။

 

တစ်အုပ်လျှင်  ရောင်းဈေးငွေကျပ် ၂၂၀ဝ ဖြင့် အမှတ် ၅၂၉-၅၃၁  ကုန်သည် လမ်းရှိ  စာပေဗိမာန်စာအုပ်ဆိုင်  ဖုန်း ဝ၁-၂၄၉၀၃၁၊  ဝ၁-၃၈၁၄၄၈၊ အမှတ် တ-၅၅ သပြေကုန်းဈေး   နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း ဝ၆၇.၃၄ ၁၄၆၈၁၊ ၈၆လမ်း၊ ၂၁လမ်းနှင့် ၂၂လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန် စာအုပ်ဆိုင် ဖုန်း  ဝ၂-၄၀၃၀၁၈၆  နှင့် အမြို့ မြို့အနယ်နယ်ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ် ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာ ယူလိုပါက အမှတ် ၅၂၉-၅၃၁ ကုန်သည် လမ်းရှိ စာပေဗိမာန် အရောင်းဌာန ဖုန်း ဝ၁-၂၄၉၀၃၁     ဝ၁-၃၈၁၄၄၈ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

 

မြန်မာ့အလင်း