နယူးဒေလီ ဇန်နဝါရီ ၁၈
အိန္ဒိယအရပ်ဘက်လေကြောင်းကြီးကြပ်ရေးအဖွဲ့သည် ပြီးခဲ့သည့်လက အစုလိုက်အပြုံလိုက် လေကြောင်းခရီးစဉ်ဖျက်သိမ်းမှုများ ဖြစ်ပေါ်ခဲ့သည့် အတွက် အင်ဒီးဂိုးလေကြောင်းလိုင်းကို အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၅ သန်း ဒဏ်ရိုက်လိုက်ကြောင်း တာဝန်ရှိသူများက ဇန်နဝါရီ ၁၈ ရက်တွင် ပြောသည်။
အင်ဒီးဂိုးလေကြောင်းလိုင်းသည် ဒီဇင်ဘာ ၃ ရက်နှင့် ၅ ရက် ကြားတွင် လေယာဉ်ခရီးစဉ်ပေါင်း ၂၅၀၇ ကျော် ဖျက်သိမ်းခြင်းနှင့် ခရီးစဉ် ၁၈၅၂ ကျော် နှောင့်နှေးကြန့်ကြာမှုများကြောင့် အကြီးမားဆုံးဖျက်သိမ်းမှုနှင့် နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါဖြစ်ရပ်များ ကြောင့် ခရီးသည်ပေါင်း သုံးသိန်းကျော် နိုင်ငံတစ်ဝန်းရှိ လေဆိပ်များတွင် သောင်တင်နေခဲ့ရကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ၏ အကြီးမားဆုံးလေကြောင်းလိုင်းဖြစ်သော အင်ဒီးဂိုးသည် လေယာဉ်အစင်းရေ ၄၀၀ ကျော် ပိုင်ဆိုင်ထားပြီး ပြည်တွင်းလေဆိပ် ၉၀ ကျော်နှင့် နိုင်ငံတကာလေဆိပ် ၄၀ ကျော်ကို အခြေပြုကာ နေ့စဉ်ခရီးစဉ်ပေါင်း ၂၃၀၀ ခန့် ပျံသန်းပြေးဆွဲလျက်ရှိကြောင်း သိရသည်။
ဆင်ဟွာ


