နေပြည်တော်   ဇန်နဝါရီ   ၁၉

(၁၃)ကြိမ်မြောက်  အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်  ASEAN   Para  Sports Federation(APSF) Board of Governor(BoG)   အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နာခွန်ရစ်ချာဆီးမား(ခိုရတ်)မြို့ Kantary Hotel ရှိ  Lamtakong ခန်းမ၌  ကျင်းပရာ အာဆီယံနိုင်ငံများမှ အားကစားအဖွဲ့ခေါင်းဆောင်များ၊  မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုးနှင့်အတူ မြန်မာမသန်စွမ်းအားကစားအဖွဲ့ခေါင်းဆောင်  ဒုတိယဥက္ကဋ္ဌ ဒေါက်တာတင်မောင်လှိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ  Board  of  Governor (BoG) Chairman Dr. Kittipong Potimu က အမှာစကားပြောကြားပြီး Thailand   ASEAN   Para Games Organization Committee (THASOC)မှ တာဝန်ရှိသူ တစ်ဦးက (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ  ကျင်းပမည့်အစီအစဉ်များနှင့် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ ၂၀၂၇ ခုနှစ်တွင် (၁၄)ကြိမ်မြောက်  အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် မလေးရှားနိုင်ငံမှ Board of Governor (BoG)က ပြိုင်ပွဲဆိုင်ရာကိစ္စရပ်များကို   ရှင်းလင်းတင်ပြ ဆွေးနွေးသည်။

ယင်းနောက်  တက်ရောက်လာသူများက 31st ASEAN Para Sports    Federation(APSF) Board   of  Governor(BoG) အစည်းအဝေးမှတ်တမ်းကို လည်းကောင်း၊   36th EXCO အစည်းအဝေး မှတ်တမ်းနှင့် ၂၀၂၆ ခုနှစ် ဇွန်လတွင် APSF အထွေထွေညီလာခံကို အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပနိုင် ရေးကိုလည်းကောင်း ဝိုင်းဝန်းဆွေးနွေးအတည်ပြုခဲ့ပြီး Board of Governor (BoG) Chairman က   နိဂုံးချုပ်အမှာ စကားပြောကြားသည်။

ထို့နောက်    အားကစားအဖွဲ့ခေါင်းဆောင်များ  (Chef-de-Mission)   အစည်းအဝေးကို Kantary   Hotel (Korat)ရှိ Lamtakong ခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ခေါင်းဆောင် ဒေါက်တာတင်မောင်လှိုင်အပါအဝင် အာဆီယံနိုင်ငံများမှ အားကစားအဖွဲ့ခေါင်းဆောင်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် အားကစားသမားများ တည်းခိုနေထိုင်စားသောက်ရေးဆိုင်ရာကိစ္စရပ်များ၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၀ ရက်တွင် ကျင်းပမည့် (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအစီအစဉ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာကော်မတီများက ရှင်းလင်း ပြောကြားခဲ့ပြီး တက်ရောက်လာသည့် အာဆီယံနိုင်ငံများမှ အားကစားအဖွဲ့ခေါင်းဆောင်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်