ကလေးဝ ၂၀ မတ်
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျွန်းလှမြို့နယ်၊ အင်းတော်မြို့နယ်၊ ကလေးဝမြို့နယ်၊ ဝန်းသိုမြို့နယ်၊ ကသာမြို့နယ်၊ ထီးချိုင့်မြို့နယ်နှင့် ကောလင်းမြို့နယ်တို့၌ (၁၈-၃-၂၀၁၉) ရက်နေ့တွင် လေပြင်း တိုက်ခတ်မှုများကြောင့် နေအိမ်(၂)လုံးပြိုကျပျက်စီးခဲ့ပြီး နေအိမ်(၁၀ဝ)လုံးခန့်နှင့် ဘာသာရေးကျောင်း (၅)ကျောင်း အမိုးလန်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်များနှင့် ဘာသာရေးကျောင်းများ အတွက် (၄၆)သိန်း(၈)သောင်းကျော်တန်ဖိုးရှိ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ကယ်ဆယ်ရေးပစ္စည်းများအား သက်ဆိုင်ရာခရိုင်/ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးများမှ တာဝန်ရှိသူများက (၁၉-၃-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်းနှင့် လိုအပ်သည့်ထောက်ပံ့မှုများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
MDN


