တွန်းဇံ ၂၀ မတ်
ကလေးငယ်များ စာကြည့်တိုက်တွင် ပျော်မွေ့စေရန်၊ ကလေးများအသိပညာ ဗဟုသုတရရှိစေရန်နှင့် စာဖတ်သည့် အလေ့အထ တိုးပွားလာစေရန်အတွက် တွန်းဇံမြို့၊ လူထုအခြေပြုဗဟိုဌာန ခန်းမတွင် စကားပုံဆက် ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပကို ယနေ့နံနက်(၉)နာရီ အချိန်တွင် ကျင်းပသည်။
နွေရာသီ ကျောင်းပိတ်သည်ကာတွင် ကလေးငယ်များ စာကြည့်တိုက်တွင် ပျော်မွေ့စေရန်၊ ကလေးများ အသိပညာ ဗဟုသုတ ရရှိစေရန်၊ စာဖတ်သည့် အလေ့အထ တိုးပွားလာစေရန်၊ ကလေးငယ်များ မြန်မာ့ရိုးရာစကားပုံများ ပိုမိုသိရှိလာစေရန်နှင့် ကလေးငယ်များ အချင်းချင်း အသိပညာ ဗဟုသုတ မျှဝေတတ်ရေးအတွက် ပုံပြောပြိုင်ပွဲများကို ကျင်းပေးခြင်းဖြစ်ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။
MDN


