ပုသိမ် ဇန်နဝါရီ ၂၂
ပုသိမ်တက္ကသိုလ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ပုသိမ်တက္ကသိုလ် ဘောလုံးကွင်း၌ ဇန်နဝါရီ ၂၁ ရက်က ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်၊ ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသောင်းထိုက်၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်အားပေးကြသည်။
အမျိုးသားပွဲစဉ် ဗိုလ်လုပွဲတွင် ဘူမိဗေဒအသင်းနှင့် ရူပဗေဒအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရူပဗေဒအသင်းက အနိုင်ရရှိခဲ့သည်။ ပြိုင်ပွဲအပြီးတွင် ဧရာဝတီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် သင်ကြား/စီမံအရာရှိကြီးတို့က အကောင်းဆုံး အားကစားသမားဆုများနှင့် ဆုရရှိသည့် အသင်းများအား ဆုတံဆိပ်များ အပ်နှင်းခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


