ညောင်ရွှေ     ဇန်နဝါရီ     ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ် မိုင်း​သောက်ကျေးရွာ၌ ပင်မြင့်စံသမဝါယမ အသင်း သား တောင်သူများက ဆောင်းနေကြာ  စိုက်ပျိုးထားရှိမှုနှင့် ရုရှားနေကြာ(Makhaon) စမ်းသပ် စိုက်ပျိုးထားရှိမှု  အခြေအနေများကို ယမန်နေ့က သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်  ဦးအောင်ပြည့်စိုး၊  ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မို့တင့်နှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုရာ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြသည်။

အဆိုပါ ကွင်းဆင်းကြည့်ရှုမှုတွင်   ဒုတိယညွှန်ကြားရေးမှူးချုပ်က  ရုရှားနေကြာစမ်းသပ် စိုက်ပျိုးထားရှိမှု အောင်မြင်ဖြစ်ထွန်းစေရေး ပင်ကြားဖြည့်စွက် စိုက်ပျိုးထားမှု၊ သတ်မှတ်ရွက်ဖျန်းအားဆေးများ အချိန်မီပက်ဖျန်းနိုင်ရေးနှင့် သဘာဝမြေသြဇာများ သုံးစွဲ၍ စနစ်တကျရေသွင်းရေဖျန်း ခြင်းများ ဆောင်ရွက်၍ ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေး အလေးထားဆောင်ရွက်ကြရန် မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။           

စိုင်းအယ်ဘဲ